F9 the Fast Saga (2021)
Quality: 1080p
File Size: 1.99 GB
Genre: Action, Family Crime Drama, Life, Thriller
Language: English
Translated By: Idiot One
Encoded By: KL Shine Lay
- - - - - - - - - - - -
review
အမြင့်ကြီးကနေပြုတ်ကျရင် ပွန်းရာပဲ့ရာ တစ်ခုမှမဖြစ်။
ကျည်ဆန်တွေ တစ်လဟောပစ်တာ တစ်ဖက်က တစ်ချက်မှ မထိ။
ပစ္စတိုနဲ့ ချောက်တီးချောက်ချက်ပြန်ပစ်ရင် တန်းသေတဲ့ အမေရိကန်ပေါကားလာပါပြီဗျာ။
ဘယ်လောက်ပေါနေနေ ဘယ်လိုပဲ အားနည်းချက် ရှိရှိ ကားချင်းဖိုက်တင် ပလေးတာ၊
ကားတွေကို drift တွေ လှလှပပ ဆွဲတာ၊ မီးကုန်ယမ်းကုန် ကားချင်းပြိုင်တာတွေ ကတော့
Fast and furious series တွေကို ဘယ်ကားတွေမှ မမီသေးပါဘူး။
ဒီလိုပါပဲ ဒီကားထဲမှာလည်း နှလုံးလှလူကြမ်းကြီး ဒွန်မ် ခေါ်
ဒေါမနစ်တိုရက်တ်တို ရဲ့ မိသားစု အတွင်းရေးပြဿနာတွေနဲ့
ကမ္ဘာကြီးကို သွန်လိုသွန် မှောက်လိုမှောက် လုပ်ချင်တဲ့ လူဆိုးတစ်စုတို ထိပ်တိုက်တွေ့ပြီး
ဘယ်လိုတွေ ပွဲကြမ်းကြမလဲ ရှုစားရမှာပါ။
Tokyo drift အဆုံးသတ်နားမှာ Han သေသွားတဲ့ ကိစ္စ၊ ဒွန်မ်ရဲ့ အဖေ သေသွားတဲ့ကိစ္စ၊
ဒွန်မ်ရဲ့ မိသားစု အတွင်းရေးကိစ္စတွေ ဗတီးဗတား ဟာသတွေနဲ့ ရောသမ ထားတာကတော့
F 9 ဇာတ်လမ်းလေးပါပဲ။
စိတ်မကောင်းစရာက တစ်ခုတည်းပါပဲ။
FF 8 မှာပါခဲ့တဲ့ မမကြီး charlize theron က ဒီကားထဲမှာ သိပ်မလန်းတော့တာပါ။
ဘာသာပြန် review ကိုတော့ Ko Myo (Kop) က ရေးပေးထားပါတယ်။