The Bridge (2020) TV Series
Season 2 All Episode: 10
Quality: 1080p Blu-Ray
File Size: 800 MB
Genre: Crime drama, Action, Thriller, Mystery,
Language: Malaysia, Singapore, Indonesia
Encoded By: KL Shine Lay
- - - - - - - - - - - -
The Bridge: Season 2
Zawgyi
အဲဒီနောက်တော့
အခု Season 2 မှာတော့
နောက်တစ်ယောက်ကလည်း
ဒါကတော့
အမှုလိုက်ရခြင်းပါပဲ။
ဘာကြောင့် သတ်ခဲ့တာလဲ။
Unicode
The Bridge Season 1 ရဲ့ နောက်ဆုံးပိုင်းမှာ
အရာရှိမီဂတ်ရဲ့ မိသားစု ပြန်ပေးဆွဲခံရပြီးတဲ့နောက်
သူ့ရဲ့မိသားစုထဲက မီယာဆိုတဲ့ သားတစ်ယောက် အသတ်ခံလိုက်ရပါတယ်။
အဲဒီနောက်တော့
အရာရှိမီဂတ်ဟာ ယူကြုံးမရဖြစ်ပြီး
နေ့နေ့ညည အရက်တွေသောက် ဖြစ်သလိုနေပြီး
အရာရှိအလုပ်ကိုလည်း ဆက်မလုပ်ဖြစ်တော့ပါဘူး။
နောက်တော့ အထက်အရာရှိတစ်ယောက်
အလုပ်တွေ ပြန်လုပ်ဖို့ အလုပ်တွေအပ်ဖို့ ရှိကြောင်း လာပြောတဲ့အချိန်မှာပဲ
ဇာတ်လမ်းက ပြီးဆုံးသွားခဲ့ပါတယ်။
အခု Season 2 မှာတော့
သွေးထွက်သံယို အက်ရှင်ခန်းတွေ မြင်တွေ့ရပါတော့မယ်။
အရင် Season 1 ထက် ပိုကြမ်းပြီး ပိုမိုက်လာပါပြီ။
ဒီထက်ပိုမိုက်လာတာကတော့ အင်ဒိုနီးရှားမင်းသမီး အမန်ဒါ ပါဝင်လာလို့
ဇာတ်လမ်းက ပိုပြည့်စုံသွားပါလိမ့်မယ်။
သူ့ရဲ့ ရုပ်ရည်က မြန်မာနိုင်ငံက မင်းသမီးလေး ဝေလာရီနဲ့ ဆင်တူတာပါပဲ။
သူ့ထက်တောင် ပိုချောနေမလားပဲ။
နောက်တစ်ယောက်ကလည်း
မင်းသားကြီး ကျော်သူ ဒီဇိုင်းကာလာအနေအထား
အကုန်တူတဲ့ ဦးလေးကြီးတစ်ယောက်လည်း ပါလာပါတယ်။
အင်ဒိုကျော်သူနဲ့ အင်ဒိုဝေလာရီတို့က သားအဖတွေပေါ့။
ကဲ ဇာတ်လမ်းလေး ဆက်ကြစို့
လက်ရဲဇက်ရဲ ဆတ်ဆတ်ထိမခံ အပျိုကြီးမမ ဆရီနာတီရိုတစ်ယောက်ဆီ
အမှုတစ်ခု ရောက်လာပါတယ်။
ဒါကတော့
မလေးရှားနိုင်ငံရောက်နေတဲ့ အင်ဒိုနီးရှားမိသားစုတစ်စုဟာ
စင်္ကာပူမှတ်ပုံတင်ထားတဲ့ ရွက်လှေပေါ်မှာ
ရက်ရက်စက်စက် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး
အမှုလိုက်ရခြင်းပါပဲ။
ဒီအမှုဟာ ကိုယ့်နိုင်ငံသား မဟုတ်တဲ့အတွက်ကြောင့်
အမှုလိုက်ဖို့ တော်တော်ကြီး ခက်ခဲတဲ့အတွက်
သေဆုံးသူများရဲ့ နိုင်ငံရဲ့အကူအညီကတော့ လိုကို လိုနေပါတယ်။
ဒီအမှုရဲ့ နောက်ကွယ်မှာလည်း Season 1 တုန်းကလိုပဲ
လျှို့ဝှက်ချက်တွေ ပြည့်နှက်လို့ နေပါတယ်။
သေဆုံးသူများရဲ့ အချက်အလက်တွေ ရယူဖို့အတွက်
ဆရီနာတစ်ယောက် အင်ဒို ICD တွေဆီ
ဆက်သွယ် အကူအညီတောင်းလာပါတယ်။
အင်ဒို ICD ဘက်ကလည်း ဒီအမှုဟာ ကိုယ့်နိုင်ငံသားများ ဖြစ်တဲ့အတွက်
အချက်အလက်စုဆောင်းပေးဖို့အပြင် ကိုယ်တိုင်ပါဝင်ဖို့ ဖြစ်လာပါတော့တယ်။
ဒါကြောင့် ဒီအမှုကို လိုက်ဖို့အတွက်
အင်ဒိုနီးရှားနိုင်ငံ ICD Jakarta က အရှာရှိဟယ်ရီယန်တိုဆာလင်းလည်း ပါဝင်လာပါတော့တယ်။
လူသတ်တရားခံဟာ ဘယ်သူဖြစ်မလဲ
ဘာကြောင့် သတ်ခဲ့တာလဲ။
ကိုယ့်နိုင်ငံမှာ မသတ်ဘဲ တခြားနိုင်ငံမှာ သတ်သွားခဲ့တာလဲ။
အရာရှိမီဂတ်၊ ဆရီနာ၊ ဟယ်ရီ တို့သုံးဦးကရော
ဒီအမှုကို ဘယ်လိုအဖြေရှာကြမလဲဆိုတာကတော့ . . .
ကြည့်ရှုသူပရိသတ်ကြီး မကြာခင် တွေ့ရတော့မှာပါ။
Download Links (G-Drive)
Episode 01 = G-Drive & Telegram
Episode 02 = G-Drive & Telegram
Episode 03 = G-Drive & Telegram
Episode 04 = G-Drive & Telegram
Episode 05 = G-Drive & Telegram
Episode 06 = G-Drive & Telegram
Episode 07 = G-Drive & Telegram
Episode 08 = G-Drive & Telegram
Episode 09 = G-Drive & Telegram
Episode 10 = G-Drive & Telegram
- - - Complete - - -