The Invisible Man (2020)
File Size: 2 GB
Quality: 1080p Blu-Ray 5.1 CH
Duration: 2 hr 04 mins
Format: mp4
Genre : Horror, Mystery, Sci-Fi
Translated By: Zin May Oo
Encoder: KL Shine Lay
Review: Idiot One
- အညွှန်း -
ဆက်စလီယာဟာ ယောကျာ်းဖြစ်သူ အေဒရီယန်ရဲ့
နည်းမျိုးစုံ နှိပ်စက်မှုကြောင့်
အိမ်ထောင်ရေး မသာယာတဲ့ မိန်းကလေး တစ်ဦးဖြစ်ပါတယ်။
မခံစားနိုင်တဲ့အဆုံး ညီမဖြစ်သူ အယ်မလီကို အကူအညီ တောင်းကာ
ယောက်ျားရဲ့ လက်ကနေ လွတ်အောင် ထွက်ပြေးလာခဲ့ပါတယ်။
နောက်ဆုံးမှာ ညီမဖြစ်သူရဲ့ မိသားစုနဲ့အတူ
စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေထိုင်ဖို့ ဆုံးဖြတ်ကာ
အလုပ်သစ် ဘ၀သစ်ကို ထူထောင်ဖို့ ကြိုးစားပါတော့တယ်။
ဒါပေမယ့်လည်း ဆက်စလီယာအတွက်
မထင်မှတ်တဲ့ ထူးခြားမှုတွေ ကြုံတွေ့လာရပါတယ်။
ဆက်စလီယာကတော့ သူ့ခင်ပွန်းဟောင်းဖြစ်သူ
အေဒရီယန်ဟာ
နည်းပညာရှင် တစ်ယောက်ဖြစ်ကာ ကိုယ်ပျောက် ၀တ်စုံထွင်ထားကြောင်း၊
အေဒရီယန်က နှောင့်ယှက်မှုတွေ လုပ်နေတာဖြစ်ကြောင်း ထင်နေပါတယ်။
ညီမဖြစ်သူရဲ့မိသားစုနဲ့ ပတ်ဝန်းကျင်ကတော့
ဆက်စလီယာမှာ စိတ်မတည်ငြိမ်တာ၊ စိတ္တဇ ဖြစ်နေတာတွေကြောင့်
ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလို့ ထင်နေကြပါတယ်။
ဒါပေမယ့် ထူးခြားမှုတွေ ပိုဆိုးလာပြီး
ဆက်စလီယာကြောင့် လူတွေ သေဆုံးတာတွေ ဖြစ်လာတဲ့ အခါမှာတော့…. ။
ဘာတွေ ဆက်ဖြစ်လာမလဲ။
ဘာကြောင့်လဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ပြီး ရှုစားလိုက်ပါဦးဗျာ . . .