Revive: The Reborn of Superstar (2016)
All Episode: 16
Quality: 1080p Blu-Ray
File Size: 500 MB
Translated By: Khin Poe Ei Phyu
Encoded By: KL Shine Lay
"စူပါစတား ပြန်လည်မွေးဖွားခြင်း"
***********************
ဒီဇာတ်လမ်းတွဲကို 2016 ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး
ပရိသတ်တွေရဲ့ နှလုံးသားကို ရိုက်ခတ်ခဲ့တဲ့ စီးရီးတွဲဆိုလည်း မမှားပါဘူး။
Mystery, Romance, Life, Drama အမျိုးအစားဖြစ်ပြီး
အပိုင်းအားဖြင့် ၁၆ ပိုင်းသာ ပါဝင်ပါတယ်။
တစ်ပိုင်း ကြည့်လိုက်တာနဲ့ နောက်တစ်ပိုင်းကို တောင့်တချင်လောက်အောင်
ကြည့်ရှုသူတွေကို ဆွဲခေါ်သွားမှာ အသေချာပါပဲ။
တရုတ်နာမည်ကြီးမင်းသားချောတွေ ဖြစ်ကြတဲ့
Joe Xu, Ma Ke, အမွှာညီနောင် Kevin Gao, Jackal Gao,
မင်းသမီးချောလေး Viann Zhang တို့နဲ့အတူ
ဇီရီအဖြစ် သရုပ်ဆောင်တဲ့ ထိုင်းမင်းသား Pong Nawat Kulrattanarak,
လင်းဇမ်အဖြစ် သရုပ်ဆောင်တဲ့ ကိုရီးယားမင်းသမီး Han Chae Young တို့က
တရုတ်မင်းသားတွေနဲ့အပြိုင် ဘယ်လိုသရုပ်ဆောင်ထားလည်းဆိုတာ
ဒီဇာတ်လမ်းတွဲမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
အညွှန်းလေး သွားရအောင်ဗျာ -
လူ့လောက လူ့အသိုင်းအဝိုင်းဆိုတာလည်း
မနာလိုမှုတွေ ဝန်တိုမှုတွေ ကောက်ကျစ်မှုတွေ များပြားလှတယ်မဟုတ်ပါလား။
ဒီလိုပါပဲ အနုပညာရှင်အသိုင်းအဝိုင်းမှာလည်း
အောင်မြင်မှုတွေ ရလာရင် မနာလိုမုန်းတီးသူတွေက
နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ကြံကြတာ ထုံးစံပါပဲ။
ခုလည်း ကြည့်
သူငယ်ချင်းအရင်းခေါက်ခေါက်ကိုတောင် စိတ်ထဲက မနာလိုမုန်းတီးမှုတွေနဲ့
ဇီရီဆိုတဲ့ အနုပညာရှင်တစ်ယောက်ဟာ ဒူဖေးရဲ့ အောင်မြင်မှုကို မနာလိုစိတ်ထားပြီး
စတင်လုပ်ကြံပါတော့တယ်။
ဒူဖေးနဲ့ဇီရီဟာ ကိုရီးယားကို အပန်းဖြေ ခရီးထွက်လာခဲ့ကြပါတယ်။
အဲဒါကို အခွင့်ကောင်းယူပြီး
ဇီရီက ဒူဖေးကို ဘရိတ်ကြိုးဖြုတ်ထားတဲ့ကား ငှားလိုက်ပါတယ်။
လမ်းခုလတ်တစ်ခုမှာ
ကားအက်စီးဒင့် ဖြစ်နေတဲ့ ပြိုင်ကားသမားလေး မူချီဇီရဲ့ကားကို ရှောင်ရင်း
သစ်ပင်နဲ့ဝင်တိုက်မိတဲ့အခါမှာတော့
မင်းသားဒူဖေး ဆေးရုံရောက်သွားခဲ့ပါတော့တယ်။
အားလုံးရဲ့အမြင်မှာတော့ ဒူဖေးဟာ သေဆုံးသွားခဲ့ပါပြီ။
ဒူဖေးသတိရလာတဲ့အချိန်မှာတော့
သူ့မျက်နှာဟာ မူဇီချီမျက်နှာဖြစ်နေပြီး
ဆုပေးပွဲမှာလည်း ဆုနဲ့လွဲချောခဲ့ရလို့
လုပ်ကြံသူ ဇီရီကို လက်စားချေဖို့အတွက်
မျက်နှာအသစ်၊ ဘဝအသစ်နဲ့ စတင်တိုက်ခိုက်ဖို့ ပြင်ဆင်လာပါတော့တယ်။
အရင်က အောင်မြင်မှု ရခဲ့ပေမယ့်လည်း
ခုချိန်မှာတော့ ဘဝသစ် လူသစ်မို့
အောက်ခြေက စပြီး အနုပညာလှုပ်ရှားမှုတွေ စတင်ပါတော့တယ်။
လူရီဆိုတဲ့ မင်းသမီးချောလေးမှာလည်း
တဖက်သတ်ချစ်နေရတဲ့ မူဇီချီဆိုတဲ့ ပြိုင်ကားမောင်းသမားလေး ရှိပြီး
ဇီရီမှာလည်း ကြိတ်ချစ်နေရတဲ့
လင်းဇမ်ဆိုတဲ့ မင်းသမီးလေး တစ်ယောက် ရှိနေပြန်ပါတယ်။
လင်းဇမ်မှာလည်း ကြိတ်ချစ်နေရတဲ့ သူငယ်ချင်းဒူဖေး
လေးပွင့်ဆိုင် ဘယ်လိုစခန်းသွားမလဲဆိုတာကို
ပရိသတ်တွေ မကြာခင် ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲကို တနင်္လာနေ့တိုင်း (၂) ပိုင်း တင်ဆက်မှာဖြစ်ပြီး
အစ/အဆုံး ဘာသာပြန်သူကတော့ Khin Poe Ei Phyu ပဲ ဖြစ်ပါတယ်။
Download Links
Revive 1x1 (2016)
Revive 1x2 (2016)
Revive 1x3 (2016)
Revive 1x4 (2016)
Revive 1x5 (2016)
Revive 1x6 (2016)
- - Ongoing - -