Justice League (2017)

File Size: 2 GB

Quality : Blu-Ray 1080p 5.1 CH

Running Time : 2hr 23min

Format : Mp4

Genre : Action, Adventure, Fantasy

Subtitle : Myanmar Subtitle (Hard Sub)

Source : 1080p.BluRay.x264-SPARKS

Encode By: KL Shine Lay

Download Links

G-Drive     &     Dropbox

SP HD Channel ကနေ တင်ဆက်ခဲ့တဲ့ DC ဇာတ်ကားတွေဟာဆိုရင်

အခုဆို DCEU ရဲ့ ၅ ကားမြောက် ရုပ်ရှင်ကားတစ်ကားကို ထပ်မံတင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။

အရင်တစ်ပတ်က တင်ဆက်ခဲ့တဲ့ Aquaman ဇာတ်ကားဟာ

ဒီကားထက် နောက်ကျမှ ထွက်လာတာဖြစ်ပေမယ့်

Aquaman ရဲ့ ဘဝဇာတ်ကြောင်းကို အရင်ပြချင်တာမို့

ဒီကားလေးကို နောက်ဆုံးမှ တင်ပေးလိုက်ရခြင်းပါ။

အရင်ကားတွေဖြစ်တဲ့

Man of Steel, Batman  vs Superman,

Suicide Squad (မတင်ရသေး),

Wonder Woman တို့ ထွက်ရှိပြီးသား ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

============

ဒီဇာတ်ကားဟာ ဒါရိုက်တာဇက်ခ်စနိုင်ဒါရဲ့ လက်ရာဖြစ်ပြီး

DC Comics စူပါဟီးရိုးတွေဖြစ်တဲ့

Batman, Superman, Wonder Woman, Flash, Aquaman နဲ့

Cyborg တို့ တစုတစည်း ပါဝင်ထားတာမို့

ပရိသတ်တွေ တပျော်ကြီး ရှုစားရမှာပါ။

Batman  vs Superman ဇာတ်ကားမှာ

Superman သေဆုံးပြီးနောက် တစ်ကမ္ဘာလုံးပူဆွေးဝမ်းနည်းနေချိန်မှာ

စူပါဗီလိန် Steppenwolf နဲ့  သူ့ရဲ့အပေါင်းအပါ Parade-mons တွေဟာ

Mother Boxes တွေကို ရှာဖွေဖို့ ကမ္ဘာကိုပြန်လည်အခြေချခဲ့ပါတယ်။

Mother Box တွေရဲ့ သတင်းအစရဖို့ S.T.A.R Labs ရဲ့

ဝန်ထမ်းအတော်များများကို ဖမ်းဆီးခဲ့ကြတယ်။

အဲဒါနဲ့ ဘီလျံနာတစ် ယောက်ဖြစ်တဲ့ ဘရုစ်ဝိန်း (Bat-man) က

လူစွမ်းကောင်းတွေစု စည်းပြီး Justice League ဆိုတဲ့ အဖွဲ့ဖွဲ့စည်းကာ

Steppenwolf တို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ လုပ်ပါတော့တယ်။

Steppen-wolf တို့ကလည်း Mother Box ရဖို့ အသည်းအသန်ကြိုးပမ်းနေချိန်မှာ

Batman ဦးဆောင်တဲ့ Justice League က စူပါဟီးရိုးတွေ

ကမ္ဘာကို ဘယ်လိုကာကွယ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဗီလိန်ဇာတ်ရုပ်၊ စူပါဟီးရိုး ဇာတ်ရုပ်တွေကိုပေါ်လွင်အောင် ချပြသလို

Justice League ရဲ့ ဖြစ်တည်မှုကို အက်ရှင်ဇာတ်ကွက် အမိုက်စားတွေနဲ့အတူ ရှုစားရမှာပါ။

ဒီဇာတ်ကားနဲ့ ပတ်သက်လို့ နိုင်ငံတကာရော၊

ပြည်တွင်းရော အကောင်းအဆိုးဝေဖန်မှုတွေက အပြိုင်အဆိုင်ထွက်လာပေမယ့်

အထူးပြုလုပ်ချက်တွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံကြောင့်

စူပါဟီးရိုးပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။

အဓိကဇာတ်ဆောင်တွေက တော့ ဘရုစ်ဝိန်း (Batman) အဖြစ် ဘန်အက်ဖလက်၊

ကလပ်ကန့် (Superman) အဖြစ် ဟန်နရီကာ ဗီလ်၊

ဒိုင်ယာနာပရင့်စ် (Wonder Woman) အဖြစ် ဂဲလ်ဂါဒေါ့၊

ဘယ်ရီအယ်လန် (Flash) အဖြစ် အက်ဇ်ရာမစ်လာ၊

အာသာကာရီ (Aquaman) အဖြစ် ဂျေဆင်မိုမိုရာ၊

ဗစ်တာစတုန်း (Cyborg) အဖြစ် ရေးဖစ်ရှာတို့ ပါဝင်ထားကြပါတယ်။