ENOLA HOLMES (2020)

QUALITY: 1080P WEBRIP

FILE SIZE: 2 GB

TRANSLATED BY: ZIN MAY OO

ENCODED BY: KL SHINE LAY

DOWNLOAD LINK (G-DRIVE)

ဒီကားလေးကိုတော့

တစ်ချို့တွေကတော့ ကြည့်ဖူးပြီးသား ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ချန်နယ်လေးမှာ မတင်ရသေးလို့

ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်ကားမှာ

Stranger Things က အားလုံးရဲ့ အချစ်တော်လေးက

ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။

ဒါ့အပြင်

အားလုံးရဲ့ စူပါဟီးရိုးကြီးဖြစ်တဲ့ စူပါမန်းတဖြစ်လဲ

Henry Cavill ကလည်း

အားဖြည့်ထားပါသေးတယ်။

မင်းသမီးလေးရဲ့ ဇာတ်ကောင်နာမည်ကတော့

အနိုလာဟုမ်းစ်ပါပဲ။

မိုက်ခရော့ဟုမ်းစ် နဲ့ ရှားလော့ဟုမ်းစ်တို့ရဲ့ ညီမဖြစ်ပါတယ်။

အနိုလာနဲ့ သူ့ရဲ့ အမေဟာ အနိုလာရဲ့ အဖေသေဆုံးပြီး

ညီအစ်ကိုနှစ်ယောက်လည်း မရှိတော့ချိန်မှာ

အိမ်ကြီးတစ်ခုထဲမှာနှစ်ယောက်ထဲနေထိုင်ပြီး

အမေဖြစ်တဲ့ ယူဒိုရီရာဟုမ်းစ်ကအင်နိုလာကို

ပညာအစုံ သင်ပေးခဲ့ပါတယ်။

အင်နိုလာ ၁၆ နှစ်ပြည့်တဲ့နေ့မှာတော့ ယူဒိုရီရာဟာ

ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။

အဲဒီကိစ္စကြောင့် ဟုမ်းစ်ညီအစ်ကို နှစ်ယောက်ပြန်ရောက်လာပြီး

ရှားလော့က သူ့အမေကို ရှာဖို့ မိုက်ခရော့က

အနိုလာကို ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့ စီစဉ်ပါတော့တယ်။

ဒါပေမယ့် အင်နိုလာက ထွက်ပြေးလာပြီး

သူ့အမေကို ကိုယ်တိုင်ရှာဖို့ စွန့်စားခန်းတွေ ဖွင့်တဲ့အခါမှာ…

ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့

ဘာသာပြန်အသစ်လေးဖြစ်တဲ့ Zin May Oo ပဲ ဖြစ်ပါတယ်။