KINGDOM: SEASON 1 (2019) TV Series
ALL EPISODE: 6
QUALITY: WEB-DL 1080P 5.1 CH
FILE SIZE: 900 MB
TRANSLATED BY: Thura Zarni Aung, May Tharaphi Lwin,
May Myat Thu, d3mon, Aye Mon Kyaw
SUBTITLE EDIT: KL SHINE LAY
ENCODED BY: KL SHINE LAY
DOWNLOAD LINKS
EPISODE 1
EPISODE 2
EPISODE 3
EPISODE 4
EPISODE 5
EPISODE 6
- - - Complete - - -
- - - REVIEW - - -
ဒီစီးရီးလေး မကြည့်ခင်
ရှေ့မှာ 2018 က ထွက်ခဲ့တဲ့ Rampant ဆိုတဲ့ Movie လေးကို
ကြည့်ခဲ့ကြပြီးပြီလို့ ယူဆပါတယ်။
မကြည့်ရသေးရင်လည်း အဲကားလေးကို အရင်ကြည့်လိုက်ပါ။
အဆက်အစပ်တော့ မရှိပေမယ့် ဇာတ်လမ်းက ဆင်တူနေပါတယ်။
အားလုံးတော့ မဟုတ်ဘူးပေါ့။
အခု တင်ဆက်ပေးမယ့် စီးရီးလေးကတော့
၂၀၁၉ ဇန်နဝါရီ ၂၅ မှာ ထွက်ခဲ့တဲ့
ကိုရီးယား အက်ရှင်စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
အွန်လိုင်းကောမစ်တစ်ခုဖြစ်တဲ့ “The Kingdom of the Gods” ကို
အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး
ထုတ်လုပ်သူကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲကောင်းများစွာကို
ထုတ်လွှင့်နေတဲ့ Netflix ပဲ ဖြစ်ပါတယ်။
ဒီစီးရီးဟာNetflix ကလွှင့်တဲ့
ဒုတိယမြောက် ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ပြီး
ပထမတွဲအနေနဲ့ အပိုင်း (၆) ပိုင်း ပါဝင်ပါတယ်။
အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ
သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့
မသိတဲ့သူ မရှိလောက်ဘူး ထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆောင်ခေတ်မှာ
အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ
ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကို စုံစမ်းရင်း
အမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက
လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။
ဒီကပ်ရောဂါရဲ့ ဇက်မြစ်ကို မသိရပေမယ့်
ဇာတ်လမ်းအစမှာ
ရှင်ဘုရင်ဟာ ကပ်ရောဂါတစ်ခု ကူးစက်နေတာမို့
သူ့အဆောင်ကို ဝင်ထွက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
အိမ်ရှေ့စံမင်းသားဟာ ခမည်းတော်ရဲ့ အခြေအနေကို
သိချင်လို့ စုံစမ်းသော်လည်း ဘာမှ မသိရပါ။
တစ်နေ့မှာတော့ ဒုံနဲပြည်နယ်က သမားတော်လီကို ဆင့်ခေါ်ပြီး
မင်းကြီးကို ဆေးကုသစေပါတယ်။
အဲဒီမှာပဲ သမားတော်နဲ့ ပါလာတဲ့ တပည့်တစ်ယောက်
မကောင်းဆိုးဝါးတစ်ကောင် အကိုက်ခံလိုက်ရပြီး သေဆုံးသွားတယ်။
သမားတော် ဒုံနဲပြည်ကို ပြန်လာတော့
တပည့်အလောင်းကိုပါ တစ်ခါတည်း သယ်ခဲ့ပါတယ်။
သမားတော်ရဲ့ အဆောင်မှာလည်း
တပည့်မလေးတွေက ဆင်းရဲသားတွေကို ဆေးကုသပေးနေပါတယ်။
ဒါပေမယ့်
အစားအသောက်ကောင်းကောင်း မစားရတဲ့ ဆင်းရဲသားတွေဟာ
ကျန်းမာရေးလည်း ချို့တဲ့နေကြတာပေါ့။
အစားကောင်းကောင်း မစားရဘဲ ငတ်မွတ်နေတဲ့ ဆင်းရဲသားတွေကို
သူတို့ထဲမှာ ရှိတဲ့ လူတစ်ယောက်က
သမားတော်တပည့်မတွေ ဆေးမြစ်သွားရှာနေစဉ်မှာပဲ
လူသေအလောင်းကိုချက်ပြီး ဒရယ်သားအမှတ်နဲ့
ချက်ကျွေးလိုက်ပါတယ်။
အဲဒီမှာပဲ အားလုံး သေဆုံးကုန်ပြီး ညရောက်တော့
ဖုတ်ကောင်တွေအဖြစ်တွေ အဖြစ်ပြောင်းလဲသွားကြတယ်။
အိမ်ရှေ့မင်းသားဟာ
သမားတော်လီကို ရှာဖို့ ဒုံနဲပြည်ကို တိတ်တဆိတ် လိုက်လာခဲ့တယ်။
သူ့အဖေရဲ့ ကျန်းမာအခြေအနေကို သိရဖို့ပေါ့။
အဲဒီမှာပဲ သမားတော်လီရဲ့ အဆောင်မှာ
ဖုတ်ကောင်တွေပြည့်နှက်နေတာကို တွေ့ခဲ့ရတော့တယ်။
ဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား . . .
အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင်
တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို
အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။
သွေးထွက်သံယိုနဲ့ သရဲကြောက်တတ်သူတွေ၊ နှလုံးရောဂါအခံရှိသူတွေ
ဒီဇာတ်လမ်းတွဲကို မကြည့်ဖို့ တောင်းဆိုပါရစေ။
တစ်နေ့တစ်ပိုင်း တင်ဆက်ပေးသွားမှာမို့
1080p ကွာလတီအပြည့်နဲ့ ရှုစားရမှာမို့
မကြည့်ရသေးသူတွေ ကြည့်ဖို့ကောင်းတဲ့ စီးရီးလေးပါ။
ကြည့်ပြီးသူတွေလည်း ထပ်ကြည့်ပါ။
စာဖိုင်နဲ့ အသံ လွဲမှားမှုမရှိအောင်
အသေးစိပ် ပြန်လည်စိစစ် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။