Vanguard (2020)
Quality: Web-Dl 1080p
File Size: 1.89 GB
Subtitle: Myanmar Subtitle (Hard Sub)
Translated By: Littleneo
Encoded By: KL Shine Lay
- - - - - - - - - - - -
ဒီဇာတ်ကားကတော့ ဒီတစ်ပတ်အတွင်း အသစ်ထွက်လာတဲ့ ဇာတ်ကားလေးပါ။
ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့
မင်းသားကြီး ဂျက်ကီးချန်းက
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ တင်ဆက်ထားတာ ဖြစ်သလို
ဒီဇာတ်လမ်းမှာ ပါဝင်တဲ့ မင်းသား၊ မင်းသမီးတွေကလည်း
အကုန်လုံးနီးပါး အချောလေးတွေချည်း ပါဝင်သရုပ်ဆောင်ထားတာမို့
အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက်တော့
လုံးဝ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းပါ။
ကဲ အညွှန်းလေး သွားရအောင်
ဇာတ်လမ်းအကျဉ်းကတော့ ကျင်းကော်လီဆိုတဲ့ သူဌေးကြီးတစ်ယောက်ဟာ
အိုမာဆိုတဲ့ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ရဲ့ အဖေကို သစ္စာဖောက်မိလို့
အိုမာရဲ့ ကြေးစားတွေကလိုက်ဖမ်းတာကို ခံနေရပါတယ်။
ဂျက်ကီချန်းကတော့ ကြေးစားသက်တော်စောင့် အဖွဲ့ရဲ့ စီအီးအိုဖြစ်နေပြီး
ကျင်းကော်လီနဲ့ သူ့သမီးကို ကာကွယ်ဖို့ သူ့တပည့်တွေနဲ့အတူ
အိုမာရဲ့ အဖွဲ့တွေကို ရင်ဆိုင်ရတာပဲ ဖြစ်ပါတယ်။
အရင်ရိုက်နေကျကားတွေလိုပဲ အာဖရိက ဒူဘိုင်း လန်ဒန် စသည်ဖြင့်
နေရာစုံမှာ စွန့်စားခန်းတွေ ဖွင့်ကြတာကိုပဲ ကြည့်ရမှာပါ။
ဂျက်ကီချန်း ဖန်တွေ ကြည့်နိုင်ပါပြီ။