The Last Stand (2013)
Quality: Blu-Ray 1080p
File Size: 1.88 GB
Subtitle: Myanmar Subtitle (Hard Sub)
Encoded By: KL Shine Lay
- - - - - - - - - - - -
ဒီဇာတ်ကားကတော့ 2013 ခုနှစ်က ထွက်ရှိခဲ့တဲ့
ထောက်လှန်းရေးအက်ရှင်ဇာတ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကတော့
ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကြိုက်နှစ်သက်ခဲ့ရတဲ့
မာဆယ်အပြည့် ဗလတောင့်တောင့်နဲ့
မင်းသားကြီး (Arnold Schwarzenegger) အာနိုးက
အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားမှာ ပါဝင်တဲ့ မင်းသမီးကလည်း
Blindspot စီးရီးတွဲနဲ့
လက်ရှိ ကျွန်တော်တို့ SP HD Channel မှာ တင်ဆက်လျက်ရှိတဲ့
Kyle XY ဇာတ်ကားထဲမှာ ဂျက်ဆီအဖြစ် သရုပ်ဆောင်တဲ့
မင်းသမီးချောလေး Jaimie Alexander တို့ပဲ ဖြစ်ပါတယ်။
အညွှန်းလေး အနည်းငယ် တင်ပြပါမယ်။
အာနိုးက FBI အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး
Alexander ကလည်း FBI အဖွဲ့သားတစ်ယောက်ပဲ ဆိုပါတော့
တစ်နေ့မှာ ဘိန်းရာဇာအဖွဲ့ခေါင်းဆောင်ကို
FBI အဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်။
ဘိန်းရာဇာအဖွဲ့ကို နှိမ်နင်းဖို့အတွက် ဖမ်းမိထားတဲ့ ခေါင်းဆောင်ကို
သေဒဏ်ပေးဖို့ အသွား လမ်းခုလတ်တစ်နေရာမှာတော့
ဘိန်းရာဇာအဖွဲ့က သူတို့ခေါင်းဆောင်ကို
လာရောက်ကယ်ထုတ်သွားခဲ့ပါတယ်။
အဲအချိန်ကစပြီး ဇာတ်လမ်းဟာ ပွဲစကြမ်းတော့တယ်ဆိုပါတော့။
နောက်ဆက်တွဲကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုပြီး သုံးသပ်လိုက်ပါ။
အပစ်အခတ်အခန်းတွေ တစ်သီးချည်း ပါတာမို့
နားကြပ်တပ်ပြီး ကြည့်မယ့်သူတွေအတွက်တော့ နားအူဖို့သာ ပြင်ထားပေတော့ . . .