Dangerous Boy (2014)
Quality: 1080p Bluray
File Size: 1.44 GB
Translated By: YM
Encoded By: KL Shine Lay
G-Drive link
ပိုစတာမြင်တာနဲ့ မင်းသားဘယ်သူလဲဆိုတာ တန်းသိလောက်မယ် ထင်ပါတယ်။
သူတို့ကတော့ ထိုင်းနိုင်ငံမှာ အောင်မြင်ကျော်ကြားခဲ့တဲ့
Make me Shudder ဇာတ်ကားထဲက ကျောင်းသားတစ်သိုက်ပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ အသည်းတုံးကြီးတွေလို့ ဆိုလည်း မှားမယ်မထင်။
ထားတော့ . . .
ဇာတ်လမ်းအကြောင်းလေး ပြောရအောင် . . .
- - - - -
Hernia Get-Tinkled ဆိုတဲ့ "တင်း"ဦးဆောင်တဲ့ ဂိုဏ်းအဖွဲ့နဲ့
ပဲနဲ့ ပန်တို့ ဦးဆောင်တဲ့ဂိုဏ်းအဖွဲ့ နှစ်ဖွဲ့ဟာ တွေ့ပြီဆိုတာနဲ့
ကိုက်တော့တာပဲ (အယ် ဟုတ်ပါဘူး) သတ်ပုတ်ကြတော့တာပဲလို့ . . .
ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်တယ်ဆိုတာကိုတော့
နှစ်ဖွဲ့လုံးက အဖြေမပေးတတ်ကြပြန်ဘူး။
ပဲနဲ့ပန်က ညီအစ်ကိုတွေ ဖြစ်တယ်။
သူတို့နှစ်ယောက်ရဲ့အမေက အရက်ကို သိပ်ကြိုက်တယ်၊ အမြဲတမ်း ခိုးသောက်တယ်။
သူက ယောက်ျားနဲ့ကွဲကွာနေတဲ့သူဆိုပေမယ့် သားတွေကိုတော့ အရမ်းချစ်ပါတယ်။
ညီဖြစ်သူပန်က ဖျော်ဖြေရေး Band တစ်ခုထောင်ထားတယ်။
Viewers တွေလည်း အများကြီးရခဲ့တယ်။
ဒါကိုလည်း တင်းတို့အဖွဲ့က မကျေနပ်ဘူး။
အမြဲတမ်း ပြဿနာတွေ ဖန်တီးတယ်။
ဒီလို ပြဿနာတွေကြောင့်ပဲ ရုံးခန်းရောက်ပေါင်း မနည်းတော့ဘူးပေါ့။
ညီဖြစ်သူပန်ရဲ့ပြဿနာတွေကြားမှာ
အစ်ကိုဖြစ်သူ ပဲက ညီနဲ့သူငယ်ချင်းတွေကို ကူညီရင်း ကျောင်းထုတ်ခံခဲ့ရတယ်....
ကျောင်းထုတ်ခံရပြီးနောက်ပိုင်းကော
ပြဿနာတွေက ပြီးသွားမှာလား ?
သူတို့ ဂိုဏ်းနှစ်ဂိုဏ်းက ဘယ်အချိန်မှာမှ သင့်မြတ်ကြမလဲ ?
ကျောင်းသားဘဝ လူငယ်တွေ ဆယ်ကျော်သက်တွေရဲ့
စိတ်နေသဘောထားတွေကို ဒီ Movie လေးမှာ အပြည့်အဝတွေ့ရမှာပါ။
ထိုင်းကားတွေရဲ့ သဘောတရားက အရွှန်းဖောက်တာပဲ
ဒီကားမှာလည်း ဟာသခန်းလေးတွေ မနည်းမနော ပါတာမို့
ကြည့်ရှုသူ မရီဘဲ မနေရ ဖြစ်သွားပါလိမ့်မယ်။
ကဲ ပြောနေကြာတယ်
တင်းနဲ့ပဲတို့ရဲ့ ကျောင်းတော်ကြီးဆီ အလည်တစ်ခေါက် သွားကြည့်ကြရအောင် . . .
