Dawn of Justice (2016)
Quality: EXTENDED 1080p BluRay x264
File Size: 2.84 GB
Translated By: Aung Myint Oo
Encoded By: KL Shine Lay
- - Review - -
ဒီဇာတ်ကားကို ရုံတင်တုန်းက ကျေနပ်မှုမရခဲ့တဲ့ ပရိသတ်တွေ ရှိခဲ့သလို
လူမှုကွန်ယက်တွေမှာ ဒါရိုက်တာ Zack Snyder ကို အပြစ်တင်တဲ့စာတွေ
အများအပြား ထွက်လာခဲ့ဖူးပါတယ်။
ဒါပေမယ့် ခုထွက်လာတာကို ကြည့်ပြီးနောက်မှာ အင်တာနက် စာမျက်နှာမှာ
ဒါရိုက်တာကြီးကို ပြန်လည်တောင်းပန်မှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။
ကျွန်တော့်အမြင်မှာလဲ တကယ်ကို အဲဒါ မှန်ကန်တယ် ထင်တာပါပဲ။
ဇာတ်လမ်းဟာ အများကြီး ပိုချိတ်ဆက်မိပြီး လေးနက်သွားပါပြီ။
ကြည့်ပြီးသားဖြစ်စေ မကြည့်ဘဲစောင့်နေသည် ဖြစ်စေ
ကြည့်ဖို့ သိပ်တန်တဲ့ ကားတစ်ကား ဖြစ်လာတာပါပဲ။
ဇာတ်လမ်းအကျဉ်းမှာတော့ သူသာ စိတ်ထဲမှာ လုပ်ချင်ရင်
ကမ္ဘာဂြိုလ်တစ်ခုလုံးကို ရှင်းပစ်နိုင်တဲ့ ဂြိုလ်သားကို
အန္တရာယ်ကောင်လို့ မြင်နေတဲ့ လင်းနို့လူသား
ဥပဒေရဲ့အထက်မှာ တရားစီးရင်နေတဲ့လင်းနို့ကို မရှိသင့်ဘူးထင်တဲ့
သံမဏိလူသားတို့ရဲ့ ရပ်တည်ချက်ထိပ်တိုက် တင်းမာနေချိန်မှာ….
စူပါမန်းသွားလေရာမှာ သံသယဖြစ်စရာ လူသေမှုတွေ
ဆက်တိုက်ပေါ်နေလို့ သဲလွန်စလိုက်ရှာနေတဲ့
သတင်းထောက်မလေး လူးဝစ်လိန်း . . .
စွမ်းအားအကြီးဆုံး လူမှန်ရင် လူကောင်းမဖြစ်နိုင်ဘူး-
လူကောင်းစစ်စစ်ဆိုရင်စွမ်းအား မပြည့်စုံတော့ဘူးဆိုတဲ့ အတွေးနဲ့
ငယ်စဉ်ကတည်းက ဖန်ဆင်းရှင်အပေါ် နာကျည်းတဲ့ စိတ်ဒဏ်ရာကို
God နဲ့ ဆင်တူလာတဲ့ စူပါမန်း အပေါ်မှာ ပုံချလိုက်တဲ့ လက်စ်လူသားတို့ရဲ့
စိတ်ဝင်စားစရာဇာတ်လမ်းနဲ့….
နောက်လာမယ့် Justice League ရဲ့
ကြိုတင် set up လှလှလေးကို ခံစားရမှာပါ။