Moana (2016) 1080p

. . . Zaw Gyi . . .

Disney ႐ုပ္ရွင္ ထုတ္လုပ္ေရးရဲ႕ (၅၆) ခုေျမာက္ Animation ဇာတ္ကားအျဖစ္ 

2016 ႏိုဝင္ဘာ (၂၃) ရက္ေန႔က ထြက္ရွိထားတဲ့

စိတ္ကူးယဥ္ စြန္႔စားခန္း Animation ဇာတ္ကားေလး ျဖစ္တဲ့

Moana ဇာတ္လမ္းေလးကို SP HD Channel ကေန

ျပန္လည္ တင္ဆက္ေပးလိုက္ပါတယ္။

အညႊန္း -

#တယ္ဖီတီဟာ ကၽြန္းကို ေစာင့္ေရွာက္တဲ့ နတ္သမီးတစ္ပါးျဖစ္ၿပီး

ကၽြန္းေတြ အသက္ဝိဉာဥ္ေတြ စတဲ့ အရာအားလံုးကို ဖန္ဆင္းထားသူ ျဖစ္ပါတယ္။

တယ္ဖီတီရဲ႕ ႏွလံုးသားဟာ ေက်ာက္စိမ္းတုံးေလးတစ္ခုအေနနဲ႔ တည္ရွိၿပီး

အသက္ ဝိညာဥ္ေတြ ဖန္ဆင္းရာမွာ အသံုးျပဳႏုိင္ပါတယ္။

အဲဒါကို လူတစ္ပိုင္း နတ္တစ္ပိုင္း နတ္စစ္သည္ေတာ္ျဖစ္တဲ့ မာဝီ က

 သူ႔ရဲ႕ စြမ္းအားေတြ၊ ဝိဉာဥ္ေတြ ျမႇင့္တင္ဖို႔နဲ႔ ေမွာ္ငါးမွ်ားခ်ိတ္ႀကီး ဖန္တီးဖို႔ အသံုးျပဳခဲ့ၿပီး

မီးေတာင္ ေခ်ာ္ရည္မိစၧာေကာင္ႀကီး #တယ္ခါနဲ႔ ဆံုၿပီးတဲ့ေနာက္

တီဖီတီရဲ႕ ႏွလံုးသားေရာ၊ ေမွာ္ငါးမွ်ားခ်ိတ္ႀကီးေရာ 

သမုဒၵရာထဲမွာ ေပ်ာက္ဆံုး သြားခဲ့ပါတယ္။

ေထာင္စုႏွစ္ တစ္ခုၾကာအၿပီးမွာေတာ့ တယ္ဖီတီ ဖန္ဆင္းထားတဲ့

မိုတန္ႏူဝီကြၽန္းသူႀကီး တြီရဲ႕ အေမ တာလာဟာ

သူ႔ေျမး #မိုအနာ အပါအဝင္ ကၽြန္းေပၚက ကေလးေတြကို ဒ႑ာရီေတြကို ပံုျပင္ေျပာျပေလ့ ရွိပါတယ္။

တယ္ဖီတီရဲ႕ ႏွလံုးသားျဖစ္တဲ့ ေက်ာက္စိမ္းတုံးေလး ေပ်ာက္ဆံုးေနတဲ့အတြက္

ကၽြန္းမွာ အႏၲရာယ္ေတြက်ေရာက္ႏုိင္တယ္လုိ႔ တာလာက မၾကာခဏ သတိေပးခဲ့ပါတယ္။

တစ္ရက္မွာ မိုအာနာဟာ ကမ္းတင္ေနတဲ့ လိပ္ေလးတစ္ေကာင္ကို ေတြ႔ခဲ့ၿပီး

စင္ေရာ္ေတြဝိုင္းေနတာေၾကာင့္ ေရထဲျပန္မဆင္းရဲ ျဖစ္ေနတာကို

မိုအာနာ ကယ္ဆယ္ခဲ့တာကို သမုဒၵရာႀကီးက အသိအမွတ္ျပဳတဲ့အေနနဲ႔

တယ္ဖီတီရဲ႕ ႏွလံုးသားကို ေပးခဲ့ပါတယ္။

မိုအာနာ့လက္ထဲက ေက်ာက္စိမ္းတံုးကို သူ႔အေဖက သိမ္းသြားခဲ့ပါတယ္။

ဒါေပမဲ့လည္း မိုအာနာရဲ႕ အဘြားတာလာက ယူခဲ့ၿပီး အဲဒီအရာဟာ 

ကြၽန္းသခင္မ တယ္ဖီတီရဲ႕ ေပ်ာက္ဆံုးေနတဲ့ ႏွလံုးသားျဖစ္ တယ္လို႔ မိုအာနာကိုေျပာျပခဲ့ပါတယ္။

ေနာက္ေတာ့ မိုအာနာတုိ႔ကြၽန္းမွာ အုန္းပင္ေတြပ်က္စီး၊ ငါးေတြဖမ္း မမိနဲ႔ 

တစ္ကြၽန္းလံုး ဒုကၡေရာက္ေနတာမို႔ ကြၽန္းကိုေက်ာ္ၿပီး အစာ ရွာထြက္ဖို႔ မိုအာနာစိတ္ကူးခဲ့ေပမယ့္

ေဒါသႀကီး၊ စည္းကမ္းႀကီးတဲ့ သူ႔အေဖက လက္မခံခဲ့့ပါဘူး။

ေနာက္ေတာ့ မရေတာ့တဲ့အဆံုး မိုအာနာဟာ သူ႔အခ်စ္ေတာ္ ဝက္ ေပါက္ေလး ပူးဝါးကိုေခၚၿပီး

သူ႔အဘြားတာလာၫႊန္ၾကားတဲ့အတုိင္း လူသားနတ္ဘုရား မာဝီကိုရွာဖို႔ 

သမုဒၵရာထဲကို ထြက္သြားခဲ့ပါေတာ့တယ္။

အဲဒီေနာက္ ဘာေတြ ဆက္ျဖစ္မလဲဆိုတာေတာ့

ဖန္သားျပင္ေပၚမွာ ႐ႈစားၾကည့္ၾကရေအာင္ . . .


. . . Unicode . . .

Disney ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ (၅၆) ခုမြောက် Animation ဇာတ်ကားအဖြစ် 

2016 နိုဝင်ဘာ (၂၃) ရက်နေ့က ထွက်ရှိထားတဲ့

စိတ်ကူးယဉ် စွန့်စားခန်း Animation ဇာတ်ကားလေး ဖြစ်တဲ့

Moana ဇာတ်လမ်းလေးကို SP HD Channel ကနေ

ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။


အညွှန်း -

#တယ်ဖီတီဟာ ကျွန်းကို စောင့်ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး

ကျွန်းတွေ အသက်ဝိဉာဉ်တွေ စတဲ့ အရာအားလုံးကို ဖန်ဆင်းထားသူ ဖြစ်ပါတယ်။

တယ်ဖီတီရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံးလေးတစ်ခုအနေနဲ့ တည်ရှိပြီး

အသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံးပြုနိုင်ပါတယ်။

အဲဒါကို လူတစ်ပိုင်း နတ်တစ်ပိုင်း နတ်စစ်သည်တော်ဖြစ်တဲ့ မာဝီ က

 သူ့ရဲ့ စွမ်းအားတွေ၊ ဝိဉာဉ်တွေ မြှင့်တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန်တီးဖို့ အသုံးပြုခဲ့ပြီး

မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး #တယ်ခါနဲ့ ဆုံပြီးတဲ့နောက်

တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီးရော 

သမုဒ္ဒရာထဲမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။

ထောင်စုနှစ် တစ်ခုကြာအပြီးမှာတော့ တယ်ဖီတီ ဖန်ဆင်းထားတဲ့

မိုတန်နူဝီကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ

သူ့မြေး #မိုအနာ အပါအဝင် ကျွန်းပေါ်က ကလေးတွေကို ဒဏ္ဍာရီတွေကို ပုံပြင်ပြောပြလေ့ ရှိပါတယ်။

တယ်ဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ပျောက်ဆုံးနေတဲ့အတွက်

ကျွန်းမှာ အန္တရာယ်တွေကျရောက်နိုင်တယ်လို့ တာလာက မကြာခဏ သတိပေးခဲ့ပါတယ်။

တစ်ရက်မှာ မိုအာနာဟာ ကမ်းတင်နေတဲ့ လိပ်လေးတစ်ကောင်ကို တွေ့ခဲ့ပြီး

စင်ရော်တွေဝိုင်းနေတာကြောင့် ရေထဲပြန်မဆင်းရဲ ဖြစ်နေတာကို

မိုအာနာ ကယ်ဆယ်ခဲ့တာကို သမုဒ္ဒရာကြီးက အသိအမှတ်ပြုတဲ့အနေနဲ့

တယ်ဖီတီရဲ့ နှလုံးသားကို ပေးခဲ့ပါတယ်။

မိုအာနာ့လက်ထဲက ကျောက်စိမ်းတုံးကို သူ့အဖေက သိမ်းသွားခဲ့ပါတယ်။

ဒါပေမဲ့လည်း မိုအာနာရဲ့ အဘွားတာလာက ယူခဲ့ပြီး အဲဒီအရာဟာ 

ကျွန်းသခင်မ တယ်ဖီတီရဲ့ ပျောက်ဆုံးနေတဲ့ နှလုံးသားဖြစ် တယ်လို့ မိုအာနာကိုပြောပြခဲ့ပါတယ်။

နောက်တော့ မိုအာနာတို့ကျွန်းမှာ အုန်းပင်တွေပျက်စီး၊ ငါးတွေဖမ်း မမိနဲ့ 

တစ်ကျွန်းလုံး ဒုက္ခရောက်နေတာမို့ ကျွန်းကိုကျော်ပြီး အစာ ရှာထွက်ဖို့ မိုအာနာစိတ်ကူးခဲ့ပေမယ့်

ဒေါသကြီး၊ စည်းကမ်းကြီးတဲ့ သူ့အဖေက လက်မခံခဲ့ပါဘူး။

နောက်တော့ မရတော့တဲ့အဆုံး မိုအာနာဟာ သူ့အချစ်တော် ဝက် ပေါက်လေး ပူးဝါးကိုခေါ်ပြီး

သူ့အဘွားတာလာညွှန်ကြားတဲ့အတိုင်း လူသားနတ်ဘုရား မာဝီကိုရှာဖို့ 

သမုဒ္ဒရာထဲကို ထွက်သွားခဲ့ပါတော့တယ်။

အဲဒီနောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့

ဖန်သားပြင်ပေါ်မှာ ရှုစားကြည့်ကြရအောင် . . .


File Size - 2 GB

Quality - 1080p Blu-Ray 5.1 CH

Subtitle - Burmese

Encoder - KL Shine Lay

Download - G-Drive

Download Here