Man of Steel (2013)

File Size : (2.37 GB)

Quality : Blu-Ray (1080p 5.1 CH)

Running Time : 2hr 23min

Format : Mp4

Genre : Action, Adventure, Fantas

Subtitle : Myanmar Subtitle (Hard Sub)

Source : 1080p.BluRay.x264-SECTOR7

Encode by : KL Shine Lay

Download Link


- - Review - - 

IMDb – 7.0/10_____Rotten 56%

  Director: Zack Snyder ရိုက်ကူးတင်ဆက်ထားပြီး

June 14, 2013 (USA) မှာ ရုံတင်ပြသခဲ့တဲ့ Super Man ဇာတ်ကားအသစ်ဖြစ်ပါတယ်။

Super Man ဆိုတိုင်း ထူးမခြားနား ပုံစံအတိုင်း

ထူးဆန်းတဲ့ မိုးကောင်းကင်ကနေ ကျလာတဲ့ လူသားလေးကို 

ရိုးသားတဲ့ တောသူတောင်သူ လင်မယားကမွေးစားလိုက်တဲ့ ဇတ်လမ်းပါပဲ။

ဒါပေမယ့် ထူးခြားနေပါတယ် . . .

Super Man ခေါ် ခါအလ်ရဲ့ မွေးဖွားခြင်းနဲ့ 

သူ နေထိုင်ရာ ဂြိုလ်ပျက်စီးခြင်းကိုတွဲမြင်ရမှာဖြစ်ပါတယ်။

ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့

Super Man ရဲ့ ဖခင် ဂျိုအယ်နဲ့ မိခင် လာရာက

သူ့သား ရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့

ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်….

အရင်လို မဟုတ်ပဲ ထူးခြားတာကတော့ Super Man ရဲ့ငယ်ဘ၀ မှာ

လူတွေနဲ့ အဆင်မပြေနေထိုင်ခဲ့ရပါတယ်။

ကျနော်တို့ ထင်သလို ငယ်စဉ်ကတည်းက Hero လူစွမ်းကောင်းမဟုတ်ခဲ့ပါဘူး။

လူတိုင်းရဲ့ အထူးအဆန်းအဖြစ် ကြည့်ရှုမြင်နေမှုကိုရရှိခဲ့ရတာပါ။

ဒီလိုနဲ့ တစ်ရက် ကျောင်းကား မတော်တဆ ဖြစ်ပြီး ရေနစ်တဲ့အချိန်မှ

ကလေးက ရေထဲကနေ ကားကို ကုန်းပေါ်ပြန်တွန်းတင်ခဲ့ပါတယ်။

ဒါကို မြင်လိုက်တဲ့ ကျောင်းသား အချို့က ပြန်ပြောပြတော့

 မွေးစားဖခင်က ကလေးကို ခ်ါပြီး ဘယ်သူ သေသေ ဒုက္ခရောက်ရောက်

အစွမ်းကို ဘယ်တော့မှ ထုတ်မပြပါနဲ့လို့ ကတိတောင်းခဲ့တယ်…

ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ကို ဖြတ်သန်းလာပြီးနောက်

လူပျိုပေါက်အရွယ်မှာပဲ မွေးစား အဖေ အမေနဲ့ အတူ

ခရီးထွက်လာရင်းလမ်းတဝက်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတော့တယ်…

လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့အချိန်မှာပဲ

ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့ ဖခင်ဖြစ်သူက သွားကယ်တဲ့အချိန်မှာပဲ

 ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီနေရာကို ဝင်လာခဲ့ပါတော့တယ်

အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကို ကယ်ဖို့ 

ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်ခါပြခဲ့တယ်။

မလာနဲ့ သား မင်းကတိကို မင်းတည်ပါဆိုတဲ့ အဓိပ္ပါယ်တစ်ခု သက်ရောက်နေခဲ့မှာပါ….

ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသားတွေလည်း

Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ် ရောက်လာတဲ့အချိန်မှာတော့…. 

ဇာတ်လမ်းက ပိုကြည့်လို့ကောင်းသွားပါပြီ

ဆက်ပြောချင်ပေမယ့် အညွှန်းက ရှည်နေမှာဆိုးလို့ဘရိတ်ပါပြီ။

ကျနော် အကြိုက်ဆုံး Super Man ဇာတ်ကားတစ်ခုပါလို့ ညွှန်းဆိုပါရစေဗျာ။