Quality: 1080p Blu-Ray 5.1 CH
File Size: 2.82 GB
Translated By: Aung Myint Oo
Encoded By: KL Shine Lay
- - - - - - - - - - -
-Zaw Gyi-
IMDb Rating (8.8/10) ထိ ရရှိထားတဲ့
Action, Adventure, History အမိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။
ရှေးခေတ် အိန္ဒိယတိုင်းပြည်က အင်အားကြီးဘုရင်တွေနဲ့
ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတွေကို ဖော်ရိုက်ကူးထားတဲ့
ဇာတ်ကားဖြစ်ပါတယ်။
ရှီဗာဆိုတဲ့ မွေးကင်းစ ကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို
ဘုရင့်မူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။
ဒီလိုနဲ့ ထွက်ပြေးလာရင်း လမ်းခုလတ်အရောက်မှာ
သူ့ရဲ့အထိန်းတော်ဖြစ်သူက ကွယ်လွန်သွားခဲ့ပြီး
ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ကြပါတယ်။
ရှီဗာ တဖြည်းဖြည်း ကြီးလာတဲ့အခါ တခြားလူငယ်တွေနဲ့မတူဘဲ
သန်မာပြီး ရဲရင့်တဲ့ လူငယ်တစ်ယောက် ဖြစ်လာတယ်။
သူကြီးပြင်းခဲ့တဲ့ ရွာနဲ့ မနီးမဝေးတောင်ပေါ်မှာ
ရှေးဟောင်းဘုရင့်တိုင်းပြည် ရှိပြီး
အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ မိဖုရားတစ်ပါး ရှိတယ်။
တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း
အရမ်းလှတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့တယ်။
ဒီအမျိုးသမီးနောက်ကို လိုက်ဖို့ ကြိုးစားရင်းနဲ့ပဲ တောင်ပေါ်ကို ရောက်ခဲ့ပြီး
တောင်ပေါ်မှာ မျိုးနွယ်စုတစ်စုကို သွားတွေ့တယ်။
အဲဒီမျိုးနွယ်စုက ဘုရင့်တိုင်းပြည်မှာ အဖမ်းခံထားတဲ့
ဘုရင့်မိဖုရားကို ကယ်ဖို့ ကြိုးစားနေကြတာ ဖြစ်တယ်။
တိုတိုပြောရရင် ရှီဗာက သူကြိုက်တဲ့ကောင်မလေးကို ကူညီဖို့ ကြိုးစားရင်း
အကျဉ်းကျနေတဲ့ မိဖုရားမကို ကယ်ဖို့ ဖြစ်လာတယ်။
အဲဒီမိဖုရားက တကယ်တော့ ရှီဗာရဲ့ မိခင်အရင်း ဖြစ်ပါတယ်။
ဇာတ်လမ်းက တော်တော်လေး ရှည်ပါတယ်။
အဲဒီနောက်တော့ ဒီတိုင်းပြည်ကြီးမှာ
ရှီဗာမသိသေးတဲ့ နောက်ခံဇာတ်ကြောင်းတွေ၊
သူ့အဖေအမေနဲ့ တိုင်းပြည်ကြီးအကြောင်း စစ်ပွဲတွေအကြောင်း
အများကြီး ကျန်ပါသေးတယ်။
ဒီဇာတ်လမ်းလေး ကြည့်ပြီးသွားရင်တော့ နောက်ထပ်သူ့ရဲ့အဆက်
ဇာတ်လမ်းတစ်ခုကို ကြည့်ရမှာမို့ အဲအချိန်ကျရင်တော့
အားလုံးပြည့်ပြည့်စုံစုံ သိသွားရမှာမို့ 1080p ကွာလတီအပြည့်နဲ့
ပထမကားကနေ စကြည့်လိုက်ကြပါစို့ သူငယ်ချင်းတို့ . . .