Bahubali 2: The Conclusion (2017)

Download Link


File Size : (2.82 GB)

Quality : Bluray 1080p 5.1 CH

Running Time : 2hr 47minutes

Format : Mp4

Genre : Action, Adventure, Drama

Subtitle : Myanmar Subtitle (Hardsub)

Translated By: Aung Myint Oo

Encoded By: KL Shine Lay 

ဘုရင့္ သက္ေတာ္ေစာင့္ ကက္တာပါးက

မဟစ္ရွ္မာတီ ႏိုင္ငံေတာ္က ထီးၫြန႔္နန္းလ်ာ အမန္ဒရာဘာဟုဘာလီကို

သူကိုယ္တိုင္ ဘာေၾကာင့္သတ္ျဖတ္ပစ္ရတဲ့အေၾကာင္းကို

သားျဖစ္သူ မဟင္ဒရာဘာဟူဘာလီကို ရွင္းျပတဲ့ပုံစံနဲ႔

ဇာတ္လမ္းဆက္ထားတာပါ။

ဆူပူေသာင္းက်န္းတဲ့ မေကာင္းဆိုးဝါးေတြ ႏွိမ္နင္းအၿပီးမွာေတာ့

ဘုရင္မႀကီးဆီဗာဂါမိဟာ သားျဖစ္တဲ့ အမန္ဒရာဘာဟူဘာလီကို

ထီးနန္းဆက္ခံမယ့္သူအျဖစ္ ေၾကညာခဲ့ၿပီး

တူျဖစ္တဲ့ ဘာလာကိုေတာ့ စစ္သူႀကီးအျဖစ္ ေၾကညာခဲ့ပါတယ္။

ဘုရင္မႀကီးက အမန္ဒရာကို တပ္မႉးကက္တာပါးနဲ႔အတူ

အနီးဝန္းက်င္က ႏိုင္ငံေတြနဲ႔ ျပည္သူေတြၾကားကို

ေလ့လာဖို႔ ေစလႊတ္ခဲ့ပါတယ္။

အဲဒီလို သြားရင္းနဲ႔ တစ္ေနရာအေရာက္မွာေတာ့

တိုက္ေရး ခိုက္ေရးကြၽမ္းက်င္ၿပီး ထက္ျမက္တဲ့ ကန္တာလာႏိုင္ငံက

မင္းသမီး ဒီဗာဆီနာနဲ႔ဆုံခဲ့ၿပီး မင္းသမီးကို သေဘာက်မိတဲ့အတြက္

အမန္ဒရာဟာ သာမန္လူတစ္ဦးပုံစံနဲ႔ ခ်ဥ္းကပ္ကာ

မင္းသမီးရဲ႕ႏိုင္ငံကို ကက္တာပါးနဲ႔အတူ လိုက္သြားခဲ့ပါတယ္။

တစ္ဖက္မွာလည္း ဘုရင္မႀကီး ဆီဗာဂါမိဟာ

ရန္သူႏိုင္ငံက မင္းသမီး ဒီဗာဆီနာနဲ႔ တူေတာ္ ဘာလာကို

ႏွစ္ႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္ လက္ဆက္ဖို႔ ကမ္းလွမ္း စာပို႔ခဲ့ပါတယ္။

မင္းသမီးက ျငင္းဆန္ခဲ့တဲ့အတြက္ ဘုရင္မႀကီး အမ်က္ထြက္ၿပီး

ကန္တာလာကို တိုက္ခိုက္ဖို႔ အမိန႔္ေပးခဲ့ပါေတာ့တယ္။

မင္းသမီး ဒီဗာဆီနာတို႔ ႏိုင္ငံကို ရန္သူေတြက်ဴးေက်ာ္ဝင္လာတဲ့အခါမွာ

အမန္ဒရာက ကူညီတိုက္ခိုက္ေပးခဲ့ၿပီး သူ႔ရဲ႕ အံ့မခန္းစြမ္းအားေတြေၾကာင့္

မင္းသမီးေရာ၊ ဟန္တာလာဘုရင္ႀကီးေရာ အံ့အားသင့္ခဲ့ၾကပါတယ္။

ထူးျခားအစြမ္းေတြေၾကာင့္ သာမန္လူ မဟုတ္တန္ရာတဲ့အတြက္

ေမးျမန္းရင္း ဘုရင္မႀကီးရဲ႕ သားေတာ္ဆိုတာ သိသြားခဲ့ၾကၿပီး

အမန္ဒရာက မင္းသမီးကို သေဘာက်ေၾကာင္း ဖြင့္ေျပာခဲ့သလို

ဘုရင္မႀကီးကလည္း လက္ထပ္ဖို႔ ကမ္းလွမ္းထားတာလည္း ရွိတဲ့အ တြက္

မင္းသမီးကို တစ္ပါတည္း ေခၚသြားခဲ့ပါတယ္။

ဟိုဘက္ႏိုင္ငံေရာက္တဲ့အခါမွာ မင္းသမီးဒီဗာဆီနာကို

ဘာလာနဲ႔ေပးစားဖို႔ ကမ္းလွမ္းတာျဖစ္ေနတဲ့အတြက္

ဘုရင္မႀကီး၊ အမန္ဒရာနဲ႔ မင္းသမီးတို႔ အေခ်အတင္ေတြျဖစ္ကာ

အမန္ဒရာက သူ႔ မယ္ေတာ္ကို ဆန႔္က်င္ၿပီး

သူ႔ လမ္းသူေလွ်ာက္ခဲ့တဲ့အတြက္ ရာထူးအသိမ္းခံခဲ့ရပါတယ္။

ဘာလာက ရွင္ဘုရင္ျဖစ္ သြားခဲ့ေပမယ့္

လူထုကေတာ့ စစ္သူႀကီးျဖစ္သြားတဲ့ အမန္ဒရာဘက္ကသာ ရပ္တည္ၿပီ

ေထာက္ခံအားေပးခဲ့ၾကပါတယ္။

အဲဒီအခါမွာ အမန္ဒရာအေပၚ မရႈဆိတ္တဲ့ဘာလာဟာ

အမ်ိဳးမ်ိဳးဒုကၡေတြေပးခဲ့သလို ျပႆနာေတြေျဖရွင္းမႈမွာလည္း

ထိပ္တိုက္ေတြ႕ၿပီး အသက္အႏၲရာယ္အထိပါ ဒုကၡေပးဖို႔

လုပ္ခဲ့ပါေတာ့တယ္။

ျပည္သူေတြဘက္က ရပ္တည္တဲ့ အမန္ဒရာနဲ႔

မဟုတ္မခံမင္းသမီး ဒီဗာဆီနာတို႔ ဘယ္လိုအႏၲရာယ္ေတြ ရင္ဆိုင္ရမွာလဲ၊

ဘုရင္မႀကီးနဲ႔ ဘာလာက တစ္ဖက္၊

အမန္ဒရာတို႔က တစ္ဖက္ျဖစ္လာတဲ့အခါမွာ

ဘာေတြဆက္ျဖစ္ၾကမွာလဲ၊

အမန္ဒရာရဲ႕ ျဖစ္ေၾကာင္းကုန္စင္ကိုသိသြားတဲ့

သားျဖစ္သူ မဟင္ဒရာဘာဟူဘလီတစ္ေယာက္

ဘယ္လိုလက္တုံ႔ျပန္ မွာလဲဆိုတာ ၾကည့္လိုက္ဦးေနာ္။

ဒီဇာတ္ကားမွာ အမန္ဒရာ ဘာဟူဘလီ၊

မဟင္ဒရာ ဘာဟူဘလီအျဖစ္ ပရာဘက္စ္၊

ဘာလာအျဖစ္ ရာနာ ဒက္ဂူဘာတီ၊

ဒီဗာဆီနာအျဖစ္ အႏြတ္ရွ္ကာရွက္တီ၊

ဘုရင္မႀကီး ဆီဗာဂါမိအျဖစ္ ရမ္ရာခရစ္ရွ္နာ၊

ကက္တာပါးအျဖစ္ ဆက္သ္ရာရာ့ဂ်္တို႔ သ႐ုပ္ေဆာင္ထားပါတယ္။

(႐ုပ္ရွင္အၫႊန္းကိုေတာ့ 7Daydaily မွကူးယူေဖာ္ျပထားတာျဖစ္ၿပီး

sphdchannel.blogspot.com ကေန တင္ဆက္ေပးလိုက္ပါတယ္)


-Unicode-

ဘုရင့် သက်တော်စောင့် ကက်တာပါးက

မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို

သူကိုယ်တိုင် ဘာကြောင့်သတ်ဖြတ်ပစ်ရတဲ့အကြောင်းကို

သားဖြစ်သူ မဟင်ဒရာဘာဟူဘာလီကို ရှင်းပြတဲ့ပုံစံနဲ့

ဇာတ်လမ်းဆက်ထား တာပါ။

ဆူပူသောင်းကျန်းတဲ့ မကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီးမှာတော့

ဘုရင်မကြီးဆီဗာဂါမိဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟူဘာလီကို

ထီးနန်းဆက်ခံမယ့်သူအဖြစ် ကြေညာခဲ့ပြီး

တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။

ဘုရင်မကြီးက အမန်ဒရာကို တပ်မှူးကက်တာပါးနဲ့အတူ

အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို

လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။

အဲဒီလိုသွားရင်းနဲ့ တစ်နေရာအရောက်မှာတော့

တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက်တဲ့ ကန်တာလာနိုင်ငံက

မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက်

အမန်ဒရာဟာ သာမန်လူတစ်ဦးပုံစံနဲ့ ချဉ်းကပ်ကာ

မင်းသမီးရဲ့နိုင်ငံကို ကက်တာပါးနဲ့အတူ လိုက်သွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဘုရင်မကြီး ဆီဗာဂါမိဟာ

ရန်သူနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ တူတော် ဘာလာကို

နှစ်နိုင်ငံငြိမ်းချမ်းရေးအတွက် လက်ဆက်ဖို့ ကမ်းလှမ်း စာပို့ခဲ့ပါတယ်။

မင်းသမီးက ငြင်းဆန်ခဲ့တဲ့အတွက် ဘုရင်မကြီး အမျက်ထွက်ပြီး

ကန်တာလာကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတော့တယ်။

မင်းသမီး ဒီဗာဆီနာတို့ နိုင်ငံကို ရန်သူတွေကျူးကျော်ဝင်လာတဲ့အခါမှာ

အမန်ဒရာက ကူညီတိုက်ခိုက်ပေးခဲ့ပြီး သူ့ရဲ့ အံ့မခန်းစွမ်းအားတွေကြောင့်

မင်းသမီးရော၊ ဟန်တာလာဘုရင်ကြီးရော အံ့အားသင့်ခဲ့ကြပါတယ်။

ထူးခြားအစွမ်းတွေကြောင့် သာမန်လူ မဟုတ်တန်ရာတဲ့အတွက်

မေးမြန်းရင်း ဘုရင်မကြီးရဲ့ သားတော်ဆိုတာ သိသွားခဲ့ကြပြီး

အမန်ဒရာက မင်းသမီးကို သဘောကျကြောင်း ဖွင့်ပြောခဲ့သလို

ဘုရင်မကြီးကလည်း လက်ထပ်ဖို့ ကမ်းလှမ်းထားတာလည်း ရှိတဲ့အ တွက်

မင်းသမီးကို တစ်ပါတည်း ခေါ်သွားခဲ့ပါတယ်။

ဟိုဘက်နိုင်ငံရောက်တဲ့အခါမှာ မင်းသမီးဒီဗာဆီနာကို

ဘာလာနဲ့ပေးစားဖို့ ကမ်းလှမ်းတာဖြစ်နေတဲ့အတွက်

ဘုရင်မကြီး၊ အမန်ဒရာနဲ့ မင်းသမီးတို့ အချေအတင်တွေဖြစ်ကာ

အမန်ဒရာက သူ့ မယ်တော်ကို ဆန့်ကျင်ပြီး

သူ့ လမ်းသူလျှောက်ခဲ့တဲ့အတွက် ရာထူးအသိမ်းခံခဲ့ရပါတယ်။

ဘာလာက ရှင်ဘုရင်ဖြစ် သွားခဲ့ပေမယ့်

လူထုကတော့ စစ်သူကြီးဖြစ်သွားတဲ့ အမန်ဒရာဘက်ကသာ ရပ်တည်ပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။

အဲဒီအခါမှာ အမန်ဒရာအပေါ် မရှုဆိတ်တဲ့ဘာလာဟာ

အမျိုးမျိုးဒုက္ခတွေပေးခဲ့သလို ပြဿနာတွေဖြေရှင်းမှုမှာလည်း

ထိပ်တိုက်တွေ့ပြီး အသက်အန္တရာယ်အထိပါ ဒုက္ခပေးဖို့

လုပ်ခဲ့ပါတော့တယ်။

ပြည်သူတွေဘက်က ရပ်တည်တဲ့ အမန်ဒရာနဲ့

မဟုတ်မခံမင်းသမီး ဒီဗာဆီနာတို့ ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမှာလဲ၊

ဘုရင်မကြီးနဲ့ ဘာလာက တစ်ဖက်၊

အမန်ဒရာတို့က တစ်ဖက်ဖြစ်လာတဲ့အခါမှာ

ဘာတွေဆက်ဖြစ်ကြမှာလဲ၊

အမန်ဒရာရဲ့ ဖြစ်ကြောင်းကုန်စင်ကိုသိသွားတဲ့

သားဖြစ်သူ မဟင်ဒရာဘာဟူဘလီတစ်ယောက်

ဘယ်လိုလက်တုံ့ပြန် မှာလဲဆိုတာ ကြည့်လိုက်ဦးနော်။

ဒီဇာတ်ကားမှာ အမန်ဒရာ ဘာဟူဘလီ၊

မဟင်ဒရာ ဘာဟူဘလီအဖြစ် ပရာဘက်စ်၊

ဘာလာအဖြစ် ရာနာ ဒက်ဂူဘာတီ၊

ဒီဗာဆီနာအဖြစ် အနွတ်ရှ်ကာရှက်တီ၊

ဘုရင်မကြီး ဆီဗာဂါမိအဖြစ် ရမ်ရာခရစ်ရှ်နာ၊

ကက်တာပါးအဖြစ် ဆက်သ်ရာရာ့ဂျ်တို့ သရုပ်ဆောင်ထားပါတယ်။